ဓနုဖြူ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို ယမန်နေ့က ကျုံတနီး တိုက်နယ် မင်းဂရုလမ်းရှိ New Land စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။
ရှင်းလင်းပြောကြား
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးသန့်ဇင်ဦးက မီးဘေးအန္တရာယ် မဖြစ်ပွား မပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်မှုများကို လက်တွေ့ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ရာ New Land စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)


