ဓနုဖြူ  ၂၉  မတ်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  မဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို   မတ် ၂၈ ရက်က ဓနုဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိမ်းမင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက  မဲဆန္ဒရှင်စာရင်းပြုစုရမည့် မူဝါဒနှင့် ညွှန်ကြားချက်များ၊ ဆောင်ရွက်ရမည့်ပုံစံများကို ရှင်းလင်းပြောကြား ခဲ့ကြသည်။

 

ထို့နောက် တက်ရောက်လာသော မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ မဲဆန္ဒရှင်စာရင်း ပြုစုရေးနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)

 

1