နောင်ချို   ၁၁   ဧပြီ   

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကျောက်တောကျေးရွာ  ဘုန်းတော်ကြီးကျောင်းတွင် ဧပြီလ ၁၀ ရက်  မွန်းလွဲပိုင်းက ဓနုတိုင်းရင်းသားယဉ်ကျေးမှု အိုးစည် အတီးပညာ၊ သိုင်းအကပညာ၊ ယဉ်ကျေးမှု အကပညာ ဆရာဖြစ်သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုဦးစီးမှူး ဒေါ်နှင်းမြမြဦးနှင့် ကျေးရွာမှတာဝန်ရှိသူ အသီးသီးတို့က အမှာစကားပြောကြားခဲ့ကာ သင်တန်းဆင်းဆရာ၊ ဆရာမများနှင့်သင်တန်းနည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် သင်တန်းဆင်း ဆရာ၊ ဆရာမများက ဓနုရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။

 

mdn

 

ဓနုတိုင်းရင်းသားယဉ်ကျေးမှု၊ အိုးစည်အတီးပညာ၊ သိုင်းအကပညာ၊ ယဉ်ကျေးမှု အကပညာ ဆရာဖြစ်သင်တန်းကို မတ်လ ၂၇ ရက်မှ ဧပြီလ ၁၀ ရက်အထိ (၁၅)ရက်တာဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ ကျောက်မဲမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၄၀)မှ သင်တန်းသား၊ သင်တန်းသူ (၁၀၃)ဦး တက်ရောက်ခဲ့ကြပြီး ဓနုရိုးရာ ယဉ်ကျေးမှု မတိမ်ကော မပပျောက်စေရန် ရည်ရွယ်၍  ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

mdn