ဒိုက်ဦး စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ စက်တင်ဘာ ၁၈ ရက်က သီးနှံများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ပြုလုပ်သည်။
တက်ရောက်
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်ပိုင်ရှင်များနှင့် မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကုမ္ပဏီအသီးသီးမှ ဝန်ထမ်းများ စုစုပေါင်း ၁၂ဝ တက်ရောက်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းအောင်ဆန်းက သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေး ရှင်းလင်းဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းအကြောင်းရင်းများကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


