ဒိုမီနီကန်သမ္မတနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး ၂၁ ဦးသေဆုံး

 

ဆန်တိုဒိုမင်ဂို၊ နိုဝင်ဘာ   ၂၀

 

ဒိုမီနီကန်သမ္မတနိုင်ငံ၌ နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အနည်းဆုံး ၂၁ ဦးသေဆုံးခဲ့ပြီး ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

အပူပိုင်း မုန်တိုင်းကြောင့် ဖြစ်ပွားသည့် မိုးသည်းထန်စွာ ရွာသွန်းမှုမှတစ်ဆင့် မြို့တော်ဆန်တိုဒိုမင်ဂိုရှိ အမြန်လမ်း လိုဏ်ဂူနံရံတစ်ခု ပြိုကျခဲ့ကာ ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေလွှမ်းခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် တံတားများနှင့် လမ်းများ ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ကာ လူပေါင်း ၁၃၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ ကြောင်း အရေးပေါ်ကယ်ဆယ်ရေး စင်တာက ပြောကြားသည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ် ၂၆၀၀ ကျော် ထိခိုက်ခဲ့ကာ လူပေါင်း ၂၅၀၀ ကျော်အား ကယ်ဆယ်ထား ကြောင်းနှင့် သေဆုံးသူများထဲတွင် ကလေးငယ်သုံးဦး ပါဝင်ကြောင်း သိရသည်။

 

လက်ရှိတွင် ဒိုမီနီကန်သမ္မတ နိုင်ငံအတွင်းရှိ ပြည်နယ် ၃၂ ခု အား အနီရောင်အဆင့်နှင့် အဝါရောင်အဆင့် မိုးလေဝသ သတိပေးချက်များ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

 

ကိုးကား - ဘီဘီစီ

ဘာသာပြန် - အလင်းသစ်