မန္တလေး ၆ ဖေဖော်ဝါရီ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ ဒိုင်းမွန်း ပလာဇာမြေညီထပ်တွင် ယနေ့မွန်းလွဲ ၁၂ နာရီ ၅ မိနစ်က မီးလန့်မှု ဖြစ်ပွားခဲ့သည်။
မီးလန့်မှု ဖြစ်ပွားရာနေရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာရောက်စစ်ဆေးရာ ယင်းပလာဇာမြေညီထပ် အထည်ဆိုင် မျက်နှာကြက်တွင် တပ်ဆင်ထားသော CCTV ကင်မရာတွင် အသုံးပြုသော BNC to Cat 5 Adaptor အပူလွန်ကဲရာမှ (Over Heat) မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း စီစစ်တွေ့ရှိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အထည်ဆိုင်တာဝန်ခံကို အမှတ် (၈) မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလှိုင်


