ဒါကာ နိုဝင်ဘာ ၂၇
၂၀၁၆ခုနှစ်က အနောက်နိုင်ငံသားများဖြင့် စည်ကားသည့် ဒါကာကဖေးကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုဖြင့် အစ္စလာမ္မစ် အစွန်းရောက် စစ်သွေးကြွ ခုနစ်ဦးကို ဘင်္ဂလားဒေ့ရှ်တရားရုံးက သေဒဏ်ချမှတ်လိုက်သည်။
ဒါကာကဖေး အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် နိုင်ငံခြားသားများ အပါအဝင်လူ ၂၂ ဦးအထိ သေဆုံးခဲ့သည်။ အကြမ်းဖက်ဆန့် ကျင်တိုက်ဖျက်ရေး အထူးခုံ သမာဓိအဖွဲ့သည် မြို့တော်ဒါကာရှိ တရားခွင်ပရိသတ်အလယ်၌ အဆိုပါပြစ်ဒဏ် စီရင်ချက်ကို ချမှတ်လိုက်ပြီး တရားသူကြီး မိုဂျီဘာရာမန်က တိုက်ခိုက်မှု ကျူးလွန်သူများသည် အိုင်အက်စ်အစွန်းရောက် စစ်သွေးကြွ အဖွဲ့၏ အာရုံစိုက်မှုရရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်ခဲ့ကြသူများသည် အများပြည်သူ၏ ဘေးကင်းလုံခြုံမှုကို ပျက်စီးစေပြီး မင်းမဲ့စရိုက်ဆန်အောင်ဖန်တီးခဲ့ကာ ဂျီဟတ်စစ်သွေးကြွ တိုင်းပြည်တစ်ခု ထူထောင်ချင်နေကြသူများဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ စစ်သွေးကြွခုနစ်ဦးကို မသေမချင်း ကြိုးပေးသတ်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရားခံများကို ဖမ်းဆီးခဲ့ချိန်တွင် ၎င်းတို့ထဲမှ အချို့သည် ရဲကားတစ်စီးပေါ်သို့မတက်မီ အကြီးမြတ်ဆုံးဘုရားသခင်၊ အစ္စလာမ်မစ်တို့၏ ကိုးကွယ်ယုံကြည်မှု အဓွန့်ရှည်ပါစေ စသည်ဖြင့် ရွတ်ဆိုအော်ဟစ်ခဲ့ကြကြောင်း သိရသည်။
အေအက်ဖ်ပီ


