နေပြည်တော် ဩဂုတ် ၂၆
ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာ အထက်တန်း ကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
အသိပညာပေး
ဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက အမှာစကား ပြောကြားပြီး “ဉာဏဗလပြည့်စုံဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ လူငယ်စကား ဝိုင်းတွင် ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်း က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများက “လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်”၊ “လူငယ်နှင့် ကျန်းမာရေး”၊ “လူငယ်နှင့် ယဉ်ကျေးမှု”၊ “လူငယ်နှင့် မူးယစ် ဆေးဝါး” ခေါင်းစဉ်များဖြင့် ဆွေးနွေးကြကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)


