ဒါးကလျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ စွန့်လွှတ်မြေများအတွက် လုပ်ပိုင်ခွင့်ပြုလက်မှတ်များ မူလတောင်သူများထံ ပြန်လည်ပေးအပ်

ကျောင်းကုန်း ၁၂ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် မကျီးပင်ကွင်းအုပ်စု ကညင်ကောက်ကျေးရွာ ဒါးကလျှပ်စစ် မြစ်ရေတင်စီမံကိန်းမှ စွန့်လွှတ်မြေများအတွက် လုပ်ပိုင်ခွင့်ပြုလက်မှတ်များကို မူလတောင်သူများအား ပြန်လည် ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီ ခွဲက ကျင်းပသည်။

 

အဖွင့်အမှာစကားပြောကြားပြီး စွန့်လွှတ်မြေများနှင့် ပတ်သက်၍ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်များကို မကျီးပင်ကွင်းအုပ်စု တောင်သူ ၂၉ ဦး၊ ဧရိယာ ၅၁ ဒသမ ၂၉ ဧကအတွက် ကိုယ်စား ဦးဇော်ဝင်းလှိုင်အားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဝန်ကြီး ဦးတင်အောင်ဝင်းက ကွမ်းခြံကုန်းအုပ်စု တောင်သူ ၁၁ ဦး၊ ဧရိယာ ၁၄ ဒသမ ၅၄ ဧကအတွက် ကိုယ်စား တောင်သူ ဦးမောင်စိုးအားလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က အမှတ် ၃ ရပ်ကွက် တောင်သူခြောက်ဦး၊ ဧရိယာ ၁၈ ဒသမ ၂၄ ဧကအတွက် ကိုယ်စား ဦးသိန်းဝင်းအားလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။

 

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဝန်ကြီး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

ဝင်းကြိုင် (ပြန်/ဆက်)