ရန်ကုန် စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မီးသတ်ဦးစီးဌာနက အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသိန်းလွင်ရွှေက အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ရဲမှူးဇော်မျိုးထွန်းက ယခုသင်တန်းမှပို့ချသည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အတွက် စာတွေ့၊ လက်တွေ့ သင်တန်းများကို စနစ်တကျသင်ကြားပြီး မီးလောင်မှုများ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရွှေလှိုင်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)


