ရန်ကုန် ၉ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရန် ရည်ရွယ်၍ ဒလမြို့နယ် အမှတ်(၅၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၏ ဦးဆောင်မှုဖြင့် အသိပညာပေးဟောပြောခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်များ ပြည်သူများထံ အခမဲ့ မေတ္တာလက်ဆောင်ပေးခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီက ဒလ-တွံတေး ကားလမ်းမကြီး ဒလမြို့မရဲစခန်းရှေ့တွင် ပြုလုပ်ခဲ့သည်။
အသိပညာပေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ ဒလမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စောမောင်၊ အမှတ်(၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဖုန်းမြင့်၊ အမှတ်(၅၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ရဲအုပ်မြင့်ဟန်၊ မြန်မာနိုင်ငံ ယာဉ်နှင့် လမ်းအန္တရာယ် ကင်းရှင်းစေရေးအဖွဲ့ဝင် ဦးအောင်အောင်တို့က ဆိုင်ကယ်စီး ပြည်သူ(၁၀ဝ)ကျော်တို့ကို ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးများ စနစ်တကျ တပ်ဆင်ကြစေရေး၊ ပြည်သူများ အသက်အန္တရာယ် ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြစေရေးတို့အတွက် အသိပညာပေးဟောပြောခဲ့ကြပြီး တီရှပ်အင်္ကျီများနှင့် ဆိုင်ကယ်စီး ဦးထုပ်များကို အခမဲ့မေတ္တာလက်ဆောင်အဖြစ် ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ဒလမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးဆောင်၍ ဒလ-တွံတေးကားလမ်း နာရီစင်အဝိုင်းအားပတ်၍ ဒလသင်္ဘောဆိပ်ကမ်းသို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြစေရန်အတွက် ရည်ရွယ်ပြီး စီတန်းမောင်းနှင်လှည့်လည် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)
ာင်ရွက်လျက်ရှိကြောင်း သိရသည်။
ဉာဏ်တိုး (ပေါက်)


