ဒုက္ခသည်နှင့်ပတ်သတ်တဲ့ မူဝါဒကို ထိုင်းနိုင်ငံပြောင်းလဲရန်ရှိ

၂၂ ဇန်နဝါရီ

ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံလာသော ဆော်ဒီနိုင်ငံသူ အရေးကိစ္စကနေ ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်နှင့်ပတ်သတ်တဲ့မူဝါဒကို အပြောင်းအလဲတစ်ရပ် မနေ့က (တနင်္လာနေ့) မှာ ဖြစ်ခဲ့ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံဟာ ဒုက္ခသည်များကို အသိအမှတ်ပြုတဲ့ နိုင်ငံတစ်နိုင်ငံတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ တတိယနိုင်ငံတစ်ခုခုဆီကို နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ကလေးငယ်တွေကို ဖမ်းဆီးထားတဲ့ ဥပဒေကို မနေ့က အဆုံးသတ်လိုက်ကြောင်း သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဟာ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းထားသူတွေကို မူရင်းနိုင်ငံကို အတင်းအကျပ်ပြန်ပို့တာမျိုးလည်း မလုပ်တော့ဘူးလို့ ဆိုပါတယ်။

အခုလို ပြောင်းလဲလာမှုကို UNHCR က ကြိုဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလာသူများ ထိန်းသိမ်းရေးစခန်း(IDC) များတွင်း နှစ်ရှည်လများ ထိန်းသိမ်းခံထားရသူ ပေါင်း ၉၀ဝ လောက်ရှိနေဆဲဖြစ်ပါတယ်။

IDC စခန်းတွင် လပေါင်းများစွာ အဖမ်းခံနေရတဲ့ ပါကစ္စတန်နိုင်ငံက ခရစ်ယန်ဘာသာဝင် နာဇီရာ က သူဟာ အချုပ်ခန်းအတွင်းမှာ နေရပြီး သူ့အမျိုးသမီးနဲ့ သမီးက အပြင်မှာ ရှိနေပါတယ်။ နာဇီရာက ဆော်ဒီနိုင်ငံသူ ကွန်နွန်အကြောင်းသတင်းတွေကို ကြည့်ပြီး အံသင့်ကြောင်း သတင်းဌာနတွေကို ပြောပါတယ်။

ဆိုမာလီးယားနိုင်ငံက အာမက် နှင့် သူ့ညီတို့ဟာလည်း IDC စခန်းမှာ အဖမ်းခံနေရတာ ၄ နှစ်ရှိပြီးဖြစ်ပါတယ်။
 
MDN
ကိုးကား - AFP

 

mdn