ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နည်းပညာ၊ သက်မွေးပညာနှင့်  လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ်(ဘယ်လင်း) သင်တန်းသားများ ဆောင်ရွက်မှုကြည့်ရှုအားပေး

နေပြည်တော်   ဧပြီ   

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ရက် နံနက်ပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)သို့ ရောက်ရှိပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖွင့်လှစ်လျက်ရှိသည့် သင်ကြား၊ သင်ယူမှုနှင့် လက်တွေ့ကျွမ်းကျင်မှု မွမ်းမံသင်တန်း၏ နောက်ဆုံးနေ့တွင် သင်တန်းသားများ၏ ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင် သင်တန်းသားများ၏ အဖွဲ့လိုက်ဆွေးနွေး တင်ပြမှုများနှင့် အီလက်ထရောနစ်အင်ဂျင်နီယာဌာနတွင် သင်တန်းသားများက ကွန်ပျူတာဒီဇိုင်းရေးဆွဲကာ တည်ဆောက်ထားသည့် ဆားကစ်များကို ကြည့်ရှုအားပေးကာ လျှပ်စစ်သီအိုရီပိုင်း ကျွမ်းကျင်ပိုင်နိုင်မှုကို လက်တွေ့ကျကျ အသုံးချကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ သာယာဝပြောရေးအတွက် အထောက် အကူဖြစ်စေရေး ရည်ရွယ်ဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် အခြားအင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများတွင် သင်တန်းသားများ၏ တစ်ဦးချင်းနှင့် အဖွဲ့လိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ ဆောင်ရွက်လျက်ရှိသော သုတေသန များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။  

  

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို တက်ရောက်၍ နိုင်ငံတော် GDP မြှင့်တင်နိုင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး/မွေးမြူရေးမှ ဒေသထွက်တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများနှင့် MSMEs ကဏ္ဍဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် လိုအပ်သော ကျွမ်းကျင်နည်းပညာရှင်များ စဉ်ဆက်မပြတ် ပျိုးထောင် ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ပျိုးထောင်ရာ၌ ဒေသတွင်းအခြားနိုင်ငံများမှ ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်စေရေးနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိစေရေးတို့အတွက် ဆရာ၊ ဆရာမများသည် နည်းပညာအရည်အသွေးများ ပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ခေတ်မီနည်းပညာများကို စံနှုန်းများနှင့်အညီ လေ့ကျင့်ပေးနိုင် သည့် ရပ်ဝန်းကောင်းများကို ထိရောက်ပီပြင်စွာ ဖန်တီးပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းဆင်းများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြပြီး ဒုတိယဝန်ကြီးက ထူးချွန်သင်တန်းသားများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် သင်တန်းဆင်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ၂၀၁၁ ခုနှစ်မှ စတင်၍ ဌာန (၇)ခုမှ သင်ကြား၊သင်ယူမှု၊ လက်တွေ့ကျွမ်းကျင်မှုနှင့် နည်းပညာစွမ်းရည်မြှင့်တင်ရေး သင်တန်း (၄၅)ခုကို ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းဆင်းဦးရေ (၉၆၃၅)ဦးအနက် ၂၀၂၁ ခုနှစ်မှ လက်ရှိ ကာလအထိ သင်တန်းဆင်းဦးရေ (၄၆၇၇) ဦးရှိကြောင်း သိရသည်။

(သတင်းစဉ်)