ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများနှင့် သောင်တူးလုပ်ငန်းစစ်ဆေး

နေပြည်တော် မတ်၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့် အတူယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် သောင်တူးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ညောင်တုန်းမြို့၊ ပန်းလှိုင်မြစ် ရေတိုက်စားမှုကြောင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သည့်ညောင်တုန်းမြို့ အမှတ် (၃) ရပ်ကွက်၊ ၁၄ လမ်းနှင့် ၁၆ လမ်းအကြား ကမ်းပါးနိမ့်ကျမှုကာကွယ်ခြင်းလုပ်ငန်း၊ Boredpile အခြေပြုကျောက်ပြားကပ် တမံအလျားပေ (၈၀၀) တည် ဆောက်ခြင်းလုပ်ငန်းနှင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဗိုလ်မြတ်ထွန်း - ချောင်းကြီးရေ လမ်းကောင်းမွန်ရေး ညောင်တုန်းမြို့ အဝင်ရေလမ်းအလျားမီတာ (၁၃၀၀) ၊ အကျယ်မီတာ (၇၀) နှင့် အနက်ရေစစ်မျဉ်းအောက် (၂) မီတာစုစုပေါင်း (၂၄၀၂၄၂) ကုဗမီတာ သောင်တူးဖော်ခြင်း လုပ်ငန်းနှင့် ဇလွန်မြို့ ကမ်းပြိုကာကွယ်ရေး Bored pile အခြေပြုကျောက်စီတမံအလျားပေ (၂၀၀) တည်ဆောက်ခြင်းလုပ်ငန်း၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများနှင့် ရေဘေးအန္တရာယ် ကျရောက်မှုမှ ကာကွယ်ရန်ဆောင်ရွက်ထားသည့်တာများ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှုများမှ ကာကွယ်နိုင်ရန်အတွက်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအထွေထွေ ပိုလျှံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သောင်တူးဖော်ခြင်း လုပ်ငန်းအလျား (၁၅၇၅) မီတာ၊ အကျယ်မီတာ (၆၀) နှင့် အနက် ရေစစ်မျဉ်းအောက် (၄) မီတာစုစုပေါင်း (၄၂၂၅၉၅) ကုဗမီတာ ဆောင်ရွက်နေမှု၊ လေးမျက်နှာ မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကြီး ငဝန်မြစ်ရေတိုက်စားမှု ကမ်းပြို ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ကြည့်ရှုစစ်ဆေး စဉ်ဒုတိယဝန်ကြီးက သောင်တူးသင်္ဘောကြီးများဖြင့် သောင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းများသတ်မှတ်အချိန်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ သောင်တူးဖော်ခြင်းမှ ထွက်ရှိလာသည့် သဲများကို စနစ်တကျ စွန့်ပစ်ရန်လိုကြောင်း၊ ရေလမ်းကြောင်းအတွင်း ပြန်မကျစေရေးနှင့် ရေလမ်းသွား ရေယာဉ်များ အနှောင့်အယှက်မဖြစ်ရန်လိုကြောင်း၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာ အုပ်စုရှိကျေးရွာများနှင့် ရေဘေးအန္တရာယ်ကျရောက်မှုမှ ကာကွယ်ရန်ဆောင် ရွက်ထားသည့်တာများ ဧရာဝတီမြစ်ရေတိုက်စားမှု ကမ်းပြိုကမ်းစားမှုနှင့်ပတ်သက်၍ ရေတိုရေရှည်ကာကွယ်မှုများကို ထိခိုက်နိုင်သည့် မြေ၊ အိမ်ထောင်စု၊ လူဦးရေဆိုင်ရာ အချက်အလက်များ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအလိုက် ဘဏ္ဍာငွေလျာထားမှုများ ကြိုတင်ရေးဆွဲပြုစုတင်ပြသွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့၊ ဆည်မြောင်းရိပ်သာခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်း လိုအပ်ချက်များ မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်