နေပြည်တော် အောက်တိုဘာ ၁၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ လေဆိပ် Operator ဖြစ်သည့် Pionner Aerodrome Service – PAS မှ တာဝန်ရှိသူများနှင့်အတူ လေယာဉ် ပြေးလမ်း ဝဲ/ယာ တစ်လျှောက် မြက်ဖြတ်ထားရှိမှု၊ ကိုင်း/ချုံပင်များ ရှင်းလင်းထားရှိမှုနှင့် လေဆိပ် ခရီးသည် Terminal အတွင်း ပြည်တွင်း ခရီးသွားများ ဆိုက်ရောက်/ထွက်ခွာ အသုံးပြုလျက်ရှိသည့် Cheek in Counter များ၊ X-Ray စက်များ၊ Toilet များ၊ ခရီးသည်ထိုင်ခုံများ စနစ်တကျ ရှိ၊ မရှိကို လိုက်လံစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လေယာဉ်ချဉ်းကပ် ဆင်းသက်လာစဉ် လေယာဉ် ပြေးလမ်း ဝဲ/ယာ တစ်လျှောက် သတ်မှတ်ချက်နှင့်အညီ မြက်ဖြတ်ခြင်း ဆောင်ရွက်ထားရန်၊ ချုံ/ကိုင်းပင်များခုတ်ထွင် ရှင်းလင်း ခြင်းဆောင်ရွက်ထားရန်၊ မြက်ဖြတ်စများကို တစ်ပါတည်း ရှင်းလင်း ဆောင်ရွက်သွားရန်၊ ပြေးလမ်း အမှတ်အသားများ သတ်မှတ်ချက်နှင့်အညီ ပြန်လည် ရေးဆွဲဆောင်ရွက်ထားရန်၊ နေ့/ ည အသုံးပြုသည့် လေယာဉ်ကွင်း ဖြစ်သည့်အတွက် ပြေးလမ်းမီး များ အစဉ်ကောင်းမွန်နေစေရေး၊ လေယာဉ်ကွင်း အထောက်အကူပြုပစ္စည်းများ ကောင်းမွန်နေစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန်နှင့် ခရီးသည် Terminal တွင် အသုံးပြုလျက်ရှိသည့် X-Ray စက် များ အစဉ်ကောင်းမွန်နေစေရေး၊ ခရီးသည်များ အသုံးပြုသည့် Toliet များ သန့်ရှင်းကောင်းမွန် နေစေရေးနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာနှင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး တို့အတွက် လိုအပ်ချက်ရှိသည်များကို တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ် ပြုပြင်ဆောင်ရွက်ပေး သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


