ပဲခူး ၂၉ မတ်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့နံနက်ပိုင်းတွင် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ကျင်းပသည့် ပဲခူးမြို့ ပဲခူးတက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုသည်။
ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပသည့် ကျောင်းသား ကျောင်းသူလေးများ၏ ကပြဖျော်ဖြေမှုများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၏ ပြခန်းများ၊ တက္ကသိုလ် စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ဝေလျှံ


