နေပြည်တော် ဩဂုတ် ၂၇

 

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာဟာရီရှ်ချန်ဒရာ ဂီမီရေးအား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကောင်စစ်ရေးရာကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်