ဒုတိယဝန်ကြီး ဦးလွင်ဦး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၇

 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပိုမိုထိရောက်စွာ ပေးနိုင်ရေးနည်းလမ်းများနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ICRC ဒုတိယ ဌာနေကိုယ်စားလှယ် Mr. Christophe Ami Leon Taramarcaz တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)