နေပြည်တော် ၂၅ ဒီဇင်ဘာ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၅.၁၂.၂၀၁၉)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ရေနည်းမည့် အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

 

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (ဝ၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် (၃၅၃)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လာမည့် ဒီဇင်ဘာလကုန်အထိ ယင်းမြို့ ၏ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

 

မိုးဇလ