မအူပင် ၂၇ မတ်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာတွင် Amazing Advanced Transforming & Manufacturing (AATM) ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသော စပါးခွံလောင်စာတောင့်စက်ရုံဖွင့်ပွဲကို မတ် ၂၆ ရက် နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ သည်။
ဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် Amazing Advanced Transforming & Manufacturing ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးကိုက စပါးခွံလောင်စာတောင့်စက်ရုံ တည်ဆောက်ထားမှုနှင့် လောင်စာထုတ်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ဦးကြူ (ဂျုံစက်) မိသားစု(ရန်ကုန်)မှ ဒါရိုက်တာ ဦးတင်ဦးနှင့် ဇနီးတို့က တိုင်းဒေသကြီး အစိုးရအဖွဲ့အား ဗလာစာအုပ် ဒါဇင် ၁၀ဝ၀ နှင့် ဦး ကြူ(ဂျုံစက်)မှ စက်ရုံမှူး ဦးအောင်ဇော်လင်းနှင့် ဇနီးတို့က တူးချောင်းကျေးရွာအုပ် စုအတွင်းရှိ စာသင်ကျောင်းများအတွက် ဗလာစာအုပ် ဒါဇင် ၃၀ဝ တို့အား လှူဒါန်းပေး အပ်ခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မအူပင်မြို့နယ် ကျွဲဒုံးတိုက်နယ်၊ ကျုံနတ္တော်ကျေးရွာ၊ မင်္ဂလာမှန်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွင် ကျွဲဒုံးတိုက်နယ်ရှိ ကျေးရွာအုပ်စု(၁၆)အုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး သုံးနှစ်တာ ကာလအတွင်း အစိုးရမှဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပေးခဲ့မှုများကို ရှင်းလင်း ပြောကြားပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်ဆောင်ရွက်ပေးနိုင်မည့် လိုအပ်ချက်များကို တင်ပြကြရာဝန်းကြီးချုပ်မှ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်မြို့နယ်အတွင်း အသက် ၈၅ နှစ်အထက် သက်ကြီး အဘိုးအဘွား ၁၁၃၉ ဦးအတွက် ထောက်ပံ့ပေးငွေကျပ် ၃၄၁၇၀ဝ၀ဝ အား အဘိုးအဘွားများ ကိုယ်စား အဘိုးအဘွား ၃ ဦးအား ပေးအပ်ပြီး ကျေးရွာသူ ကျေးရွာသား များအတွက် အားကစားဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းထွန်းဇော်(၁၂၆)


