မြောင်းမြ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည့် တိုင်းရင်းသား ဘာသာစာပေသင် ဆရာဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။

 

ဦးစွာ “ပွင့်ဖူးဝေဆာ ကျောင်းတော်သာ တေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ဆက်စကားပြောကြားကာ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ ဆရာမ ၁၂၀ တို့အား မြို့နယ်အလိုက် သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)