၁၉ မတ်

ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ  ၂၄ နာရီအတွင်း ၂၈၀၁ ဉီးရှိတဲ့အတွက် ကူးစက်ခံရသူ စုစုပေါင်း ၁၀,၉၉၉ အထိ ရှိသွားပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာထုတ်ပြန်တဲ့ တရားဝင်စာရင်းအရ သိရပါတယ်။ 

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၀ ဦးရှိကြောင်း ရောဂါပိုးကာကွယ်ရေး အေဂျင်စီရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။  

မြို့ကြီးတွေနဲ့ ဒေသကြီးတွေမှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ကိုင်တွယ်သွားနိုင်ကြောင်း  ခေါင်းဆောင်တွေက ပြောပါတယ်။ ဘာလင်မြို့တော်ဝန်က မြို့ကို ပိတ်ဆို့မလားဆိုတာ အလျင်အမြန် ဆုံးဖြတ်ရမှာဖြစ်တယ်။ ပန်းခြံတွေကိုတော့ ပိတ်သွားနိုင်တယ်လို့ သတိပေးပြောကြားပါတယ်။ 

MDN
ကိုးကား- AFP