၂၀ ဖေဖော်ဝါရီ
ယမန်နေ့ ညနေပိုင်းက ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ ဟာနန်မြို့တွင် သေနတ်ပစ်ခတ်နှစ်ခု ဖြစ်ပွားခဲ့ရာ ရှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာက အတည်ပြုပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ကနဉီးထုတ်ပြန်ချက်များအရ ဒေသန္တရစံတော်ချိန် ည ၁၀ နာရီအချိန်ခန့်တွင် ဟာနန်မြို့ရှိ မတူညီသည့်နေရာနှစ်ခုတွင် သေနတ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အခင်းဖြစ်ပွားချိန်တွင် ညအချိန်ဖြစ်သဖြင့် ကျူးလွန်သူများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
Hessenschau ဒေသဆိုင်ရာ ထုတ်လွှင့်သူက ကြေညာချက်ထုတ်ပြန်ရာတွင် အဆိုပါ ပစ်ခတ်မှုနှစ်ခုသည် Arena ဘားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်


