Games of the Future  2024 ပြိုင်ပွဲ၌ ဆော်ဒီအာရေဗျနိုင်ငံကိုယ်စားပြု Twisted Minds ကို မြန်မာအသင်း Burmese Ghouls အနိုင်ရ

ဖေဖော်ဝါရီ ၂၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ကျင်းပလျက်ရှိသော အားကစားပြိုင်ပွဲများအနက် Mobile Legends Bangs Bangs (MLBB) ပြိုင်ပွဲ အုပ်စုအဆင့်တွင် ဆော်ဒီအာရေဗျနိုင်ငံကိုယ်စားပြု Twisted Minds အသင်းနှင့် မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းတို့ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံကိုယ်စားပြု Twisted Minds ကို မြန်မာအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့ရာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ကွာတားဖိုင်နယ်အဆင့်တွင်  မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းနှင့် အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြု RRQ Hoshi အသင်းတို့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ယှဉ်ပြိုင်ကစားသွားမည်ဟု သိရသည်။

မြင့်မြင့်ချို