Games of the Future ပွဲကျင်းပရာ ကာဇန်မြို့သို့ လူပေါင်း ၁၀၀၀၀၀ လာရောက်လည်ပတ်

ကာဇန်၊ ဖေဖော်ဝါရီ ၂၈

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ တာတာ့စ်တန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော်ကာဇန်ဒေသခံနှင့် ဧည့်သည် ၁၀၀၀၀၀ တို့သည် ကာဇန်မြို့ရှိ နိုင်ငံတကာပြပွဲစင်တာ၌ ကျင်းပပြုလုပ်လျက်ရှိသော Games of the Future ပွဲ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ပေါင်းစပ်ထားသည့် ဖီဂျစ်တယ် (phygital) ပွဲကျင်းပရာ နေရာသို့ လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။

ပွဲတော်စီစဉ်သူများနှင့် ရုရှားအာကာသကော်ပိုရေးရှင်းဖြစ်သည့် Roscosmos တို့သည် ရုရှားနိုင်ငံ၏ အာကာသစခန်းဖြစ်သည့် Vostochny Cosmodrome သို့ လာရောက်လည်ပတ်ရန်နှင့် ၂၀၂၄ ခုနှစ် ဒုံးပျံ တစ်စင်းလွှင့်တင်မှုကို ကြည့်ရှုရန် ဖိတ်ကြားခြင်းခံရသော အထင်ကရခရီးသည်အတွက် အထူး လက်ဆောင်တစ်ခု ပြင်ဆင်ထားသည်။

Games of the Future ပွဲတော် ကျင်းပလျက်ရှိရာ ကာဇန်မြို့သည် လူတိုင်း Phygital အားကစားပွဲတွင် ထိုးသွင်းနိုင်သည့်ပညာရေးနှင့် ဖျော်ဖြေရေးဆိုင်ရာ အခွင့်အလမ်းများနှင့် အပြန်အလှန်အကျိုးပြုသော ပြပွဲနေရာများကို ပေါင်းစပ်ထားသည့် ခေတ်အမီဆုံးပြပွဲနေရာတစ်ခုဖြစ်သည်။

Games of the Future သည် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ မတ်လ ၃ ရက်အထိ ကစားနည်း ၂၁ မျိုးဖြင့် ကာဇန်မြို့တွင် ကျင်းပရန်စီစဉ်ထားသည့် ဆန်းသစ်တီထွင်သောနိုင်ငံတကာ ပြိုင်ပွဲတစ်ခုဖြစ် သည်။ ယင်းပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ အားကစားသမား ၂၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ကိုးကား - RT

ဘာသာပြန် - ဂျေတီ