ဂျော်ဒန်နိုင်ငံ၌ ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်

၁၇ ဇန်နဝါရီ

ဂျော်ဒန်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့က နှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် လမ်းများပိတ်ဆို့မှုဖြစ်ပွားပြီး တိုင်းပြည်၏ နေရာအတော်များများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

မြို့တော် အာမန်တွင် စည်ပင်သာယာတာဝန်ရှိသူများသည် ဆီးနှင်းခွဲကားများကို အသုံးပြုပြီး လမ်းပိတ်ဆို့မှု များကို ရှင်းလင်းနေကြောင်း ဂျော်ဒန်မိုးလေဝသဌာနက ပြောကြားသည်။

 

mdn

 

လက်ရှိ ရာသီဥတုအခြေအနေများကြောင့် ပုဂ္ဂလိကကျောင်းများ၊ တက္ကသိုလ်များကို တစ်ရက်တာ ပိတ်ထားခဲ့ ကြောင်း ဝန်ကြီးချုပ်ရုံးက ဗုဒ္ဓဟူးနေ့တွင်  ကြေညာခဲ့သည်။

ကြာသပတေးနေ့ နံနက်ပိုင်းအထိ ဆီးနှင်းများ ဆက်လက်ကျဆင်းမည်ဟုမျှော်လင့်ရသောကြောင့် အိမ်များအ တွင်း ဆက်လက်နေထိုင်ကြရန်  အမ္မန်စည်ပင်သာယာရေးနှင့် ပြည်သူ့ကာကွယ်ရေးဦးစီးဌာနက ပြည်သူများသို့ တိုက်တွန်းခဲ့သည်။

 

mdn

 

လက်ဘနွန်၊ ပါလက်စတိုင်း၊ ဆီးရီးယားနှင့်တူရကီနိုင်ငံများအပါအဝင် နိုင်ငံအချို့တွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်