ဂေါ်ဖီရွက်အဆာသွပ်

ပါဝင်ပစ္စည်းများ (၄ ဦးစာ)

 

ဂေါ်ဖီထုပ် တစ်ထုပ် 

 

အဆာသွပ်ရန်အသားစဉ်းကောအတွက်

 

ကြိတ်ထားတဲ့အသား  ၄၀ဝ ဂရမ် ( ဝက်သားနှင့် အမဲသားအရော)

 

ဆား စားပွဲဇွန်း ၂ဇွန်း (သို့) ၃ ဇွန်း ( ၄ (ဂရမ်)

 

ငရုတ်ကောင်း (မညက်တညက် ထောင်းထားပါ) လိုအပ်သလောက်

 

Ketchup ဆော့စ် စားပွဲဇွန်း ၁ ဇွန်း

 

အခြားအမယ်များ

 

ထောပတ် ၄၀ ဂရမ် ( ဆားမပါ)

 

ကြက်သွန်နီ (သေးသေးနုတ်နုတ်လှီးထား) ၁၈၀ ဂရမ်

 

မုန်လာဥနီ တစ်ပိုင်း ( သေးသေးနုတ်နုတ်လှီးထား) ၁၀ဝ ဂရမ်

 

တရုတ်နံနံအကြီး သုံးပုံတစ်ပုံ ( သေးသေးနုတ်နုတ်လှီးထား) ၂၅ ဂရမ်

 

ပြင်ဆင်ပုံ

 

 

၁။အဆာသွပ်ရန် အသားအတွက်  ပြင်ဆင်ရန်  ဒယ်အိုးကို  မီးအပူအသင့်အတင့်ပေးပြီး ထောပတ်ထည့်ပါ။ ထောပတ်ပျော်လာသည့်အခါ ကြက်သွန်နီ၊ မုန်လာဥနီ နှင့် တရုတ်နံနံတို့ကိုထည့်ပြီး ပျော့ပြောင်းလာသည်အထိ မွှေကြော်ပါ။ ထို့နောက် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားပါ။

 

 

၂။ ဂေါ်ဖီထုပ်၏ အလယ်အူတိုင်ကို အတွင်းပိုင်းအထိ ဖြတ်ထုတ်ပါ။ အိုးတစ်လုံးထဲမှာ ရေအပြည့်ထည့်ပြီး ဆူပွက်လာသည်အထိ တည်ပါ။ထို့နောက် ဂေါ်ဖီထုပ်အလယ်အူတိုင်ဖက်ပိုင်းကို အပေါ်ဖက်ထားပြီး ရိုးတံတွေ ပျော့ပျောင်းလာတဲ့အထိ ပြုတ်ပါ။ ထို့နောက် ရေအေးစိမ်ပြီး  ရေခြောက်အောင်သုတ်ပါ။

 

 

၃။ကြိတ်ထားတဲ့အသားတွေကို ဇလုံတစ်လုံးထဲထည့်ပါ။ ဆားထည့်ပြီး သမအောင်နယ်ပါ။ ထို့နောက် အအေးခံထားတဲ့ အရွက်ကြော်ကိုထည့်ပါ။ ငရုတ်ကောင်းမှုန့်နှင့် ဆော့စ်ထည့်ပြီး အသားတွေ နဲ့ အရွက်တွေ လုံးသွားတဲ့အထိ နယ်ပါ။ ထို့နောက်  အသားလုံး၈ လုံး ရအောင် အညီအမျှ လုံးပါ။

 

 

၄။ဂေါ်ဖီရွက်ရဲ့ ရိုးတံအထူကြီးတွေကို အရွက်နဲ့ တစ်သားတည်းဖြစ်အောင် ဖြတ်ထုတ်ပါ။ အရွက်တွေကို အရွယ်အစား အသေးအကြီးခွဲထုတ်ပါ။ အသားလုံးတစ်လုံးချင်းစီကို ဂေါ်ဖီရွက်အသေးနဲ့ အရင်ထုပ်ပါ။ထို့နောက် အရွက်ကြီးကို ဖြန့်ခင်းပြီး အဆာသွပ်ထားတဲ့ အထုပ်လေးကို  အရွက်ကြီးရဲ့ အောက်ပိုင်းမှာထားပါ။ ထို့နောက် ဖြည်းဖြည်းချင်း လိပ်သွားပါ။

 

 

၅။ဂေါ်ဖီအဆာသွပ်အလိပ်တွေကို  အိုးတစ်လုံးထဲ စီထည့်ပြီး ရေ ၆၀ဝမီလီလီတာထည့်ပါ။ ထို့နောက်  မီးပြင်းပြင်းနဲ့ ဆူပွက်လာသည်အထိ တည်ပါ။ ရေဆူလာသည့်အခါ မီးအပူကို လျှော့ချပြီး နှစ်နာရီခန့် မီးအေးအေးနှင့် ဆက်တည်ပါ။ အရည်တစ်ဝက်လောက် ခန်းလာသည့်အခါ အသားလုံးများ ကျက်မကျက် စမ်းကြည့်ပါ။ အသားများ အတွင်းပိုင်းအထိ ကျက်ပြီဆိုပါက အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

 

ကိုးကား- NHK