၂၄ ဇန်နဝါရီ

 

ဒုတိယကမ္ဘာစစ်အတွင်းက မီးလောင်တိုက်သွင်းခြင်းခံရသူများကို အမှတ်ရဂုဏ်ပြုရန် ကမ္ဘာ့ခေါင်းဆောင်များသည် ဂျေရုဆလင်မြို့တွင် စုရုံးရောက်ရှိခဲ့ကြသည်။

 

ပိုလန်နိုင်ငံရှိ အော့ဇ်ဝ်ချွေးတပ်စခန်းမှ လွတ်မြောက်လာသည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ ကမ္ဘာ့မီးလောင်တိုက်သွင်း အောက်မေ့ဖွယ်စင်တာ၌ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။

 

ဗြိတိန်နိုင်ငံမှ ချားလ်မင်းသား၊ ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် အမေရိကန် ဒုတိယသမ္မတ မိုက်စ်ပန့်၊ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

 

နာဇီဂျာမနီနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များက သတ်ဖြတ်ခဲ့သည့် ဂျူးလူမျိုး ၆ သန်းအတွက် အဆိုပါ အခမ်းအနားကို အစ္စရေးသမ္မတရူဗင်ရစ်ဗ်လင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။

 

ဂျူးမုန်းတီးသူများကို စည်းလုံးညီညွှတ်စွာဖြင့် ဆန့်ကျင်ခဲ့ခြင်းအတွက် အစည်းအဝေး တက်ရောက်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ရစ်ဗ်လင်းက ပြောကြားခဲ့သည်။

 

ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က ဂျူးဆန့်ကျင်ရေးဝါဒကို ပြန်လည်တွန်းလှန်ရန် ကတိပေးပြီးခဲ့ပြီးနောက် မီးလောင်တိုက်သွင်းခံရခြင်း၏ သင်ခန်းစာများကို မည်သည့်အခါမှ မမေ့ပါကြောင်း ကမ္ဘာ့ခေါင်းဆောင်များက ကတိပြုပြောကြားခဲ့သည်။

 

ဂျူးလူမျိုးများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြင့်တက်နေသည်ဟု ယုံကြည်ရသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်