ဝါရှင်တန်အနီးရှိ Camp David အပန်းဖြေစခန်းတွင် လာမည့်နှစ် ဂျီ-၇ ထိပ်သီးအစည်းအဝေးပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

 

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒေါနှင့် ယမန်နေ့က လန်ဒန်တွင် တွေ့ဆုံခဲ့သည့် အစည်းအဝေးပွဲ အစအတွင်း ထရန့်က ၎င်း၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ သတင်းထောက်များ၏ မေးခွန်းများကို သမ္မတက ဖြေကြားခဲ့သည်။

 

အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်မြို့တော်နှင့်နီးကပ်သည့် မေရီလန်းပြည်နယ်၌ ကျင်းပမည်ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ နေရာတွင် ထူးခြားသည့် အရာများကို ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

 

ဆွေးနွေးပွဲလုပ်ရင်း အပန်းဖြေမှုများလည်လုပ်နိုင်ရန်အတွက် Camp David တွင်  စီစဉ်ရခြင်းဖြစ်ကြောင်း အတိတ်ကာလကလည်း နိုင်ငံခြားခေါင်းဆောင်များနှင့် Camp David တွင်  တွေ့ရန် စီစဉ်ခဲ့သည်ဟု ထရန့်က ပြောကြားခဲ့သည်။

 

ဂျီ-၈ ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် သမ္မတဟောင်း ဘားရတ်အိုဘားမားကလည်း  အဆိုပါ နေရာ၌ ကျင်းပခဲ့သည်ဟု ဆိုသည်။

 

ဖလော်ရီဒါရှိ ဂေါက်ကွင်းအပန်းဖြေစခန်း၌ လာမည့်နှစ်တွင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း အောက်တိုဘာလအတွင်းက အိမ်ဖြူတော်က ကနဦးတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ပုဂ္ဂိုလ်ရေးကိစ္စများအတွက် ရုံးကို အသုံးမပြုသင့်ကြောင်း ဒီမိုကရက်ပါတီဝင်များ နှင့် သတင်းထောက်များက ပြောကြားမှုကြောင့် အဆိုပါ အစီအစဉ်ကို ထရန့်က ပယ်ချခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်