ဂျီနီဖာလိုပက်ဇ်အတွက် အကောင်းဆုံးပရိသတ်ဖြစ်ခဲ့တဲ့ အဲလက်ဇ်ရိုဒရီဂွက်ဇ်

mdn

၂၂ သြဂုတ်

 

ပေါ့ပ်ကြယ်ပွင့် ဂျနီဖာလိုပက်ဇ်ဟာ လတ်တလောမှာ ကျင်းပခဲ့တဲ့ တေးဂီတ ထူးချွန်ဆုပေးပွဲဖြစ်တဲ့ “MTV Video Music Awards” မှာ ဖျော်ဖြေတင်ဆက်ခဲ့ရာ ချစ်သူ အားကစားကြယ်ပွင့် အဲလက်ဇ်ရိုဒရီးဂွက်ဇ်လည်း တက်ရောက်ခဲ့ပြီး ဂျနီဖာလိုပက်ဇ်ရဲ့ ဖျော်ဖြေမှုကိုအားပေးခဲ့တာ တွေ့ရပါတယ်။ ပေါ့ပ်ကြယ်ပွင့် ဖျော်ဖြေနေ စဉ်မှာ ဖုန်းနဲ့လည်း ဗီဒီယိုရိုက်ယူခဲ့ကာ တေးသီချင်းနဲ့အတူ လိုက်ပါစီးမြောရင်း အားပေးခဲ့တဲ့ အဲလက်ဇ်ရိုဒရီးဂွက်ဇ်ကို အကောင်းဆုံးပရိသတ်ဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းက ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

 

ယင်းဆုပေးပွဲ မှာ ဂျနီဖာလိုပက်ဇ်ရဲ့ ကလေးသုံးဦးလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူ မက်ဇ်ဟာ အဲလက်ဇ်ရိုဒရီးဂွက်ဇ်ရဲ့ ပေါင်ပေါ်မှာထိုင်ကာ အားပေးခဲ့ပြီး သမီးလေးနှစ်ဦးကတော့ အဖွားဖြစ်သူနဲ့အတူ ကြည့်ရှုခဲ့ကြပါတယ်။ ဆုပေးပွဲမှာ ဂျနီဖာလိုပက်ဇ်က ထူးချွန်ဆုကို တေးသံရှင် ဆွမ်မန်းဒပ်ဆီမှ လက်ခံရယူခဲ့ပြီးနောက် အမှတ်တရစကားပြောကြားချိန်မှာတော့ သမီးလေးတွေ အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူက အောင်မြင်မှုတွေအတွက် သမီးလေးတွေကို ကျေးဇူးတင်ကြောင်း၊ သမီးလေးနှစ်ဦး ရရှိခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ကြောင်း၊ ပိုကောင်းမွန်တဲ့ မိခင်တစ်ဦးဖြစ်ရန် လိုအပ်ကြောင်း၊ ပိုမိုအောင်မြင်အောင် ကြိုးစားရမှာဖြစ်ကြောင်းနဲ့ ယခင်ကထက် ပိုမိုကြံ့ခိုင်တဲ့သူတစ်ဦးဖြစ်အောင် နေထိုင်ရမှာဖြစ်ကြောင်း သိရှိလာခဲ့တယ်လို့ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျနီဖာလိုပက်ဇ်က ရင်သွေးလေးတွေကြောင့်သူ့ရဲ့အနာဂတ်ဟာ ပိုမိုလှပလာခဲ့ကြောင်းလည်း ဆိုပါတယ်။

 

အေးပြည့်