ထွန်းသစ်စ - ရေးသားသည်
ဂီနီနိုင်ငံမှာ လပေါင်းများစွာကြာအောင် မငြိမ်သက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ဂီနီပြည်သူတွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို သဘောတူလက်ခံရေးမခံရေးနဲ့ ပတ်သက်ပြီး တနဂငေ်္နွနေ့မှာ မဲပေးဖို့တိုက်တွန်းထားပါတယ်။ ဒါဟာ ဂီနီသမ္မတ အယ်လ်ဖာ ကွန်ဒီရဲ့ အာဏာတည်မြဲရေး လှည့်ကွက်တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အစိုးရကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာကျားမတန်းတူညီမှုနဲ့ အသက်မပြည့်ဘဲလက်ထပ်ထိမ်းမြားခြင်း များကိုတားမြစ်မှု စတဲ့ဥပဒေတွေကို ပေါင်းစုစီစဉ်ထားတယ်လို့ပြောပါတယ်။
လိုချင်တဲ့ရလဒ်ကို ရအောင်လုပ်နိုင်
သို့သော်လည်း ဝေဖန်သူတွေက အသက် ၈၁ နှစ်အရွယ်ရှိ လက်ရှိသမ္မတကွန်ဒီကိုအခုနှစ်နောက်ပိုင်းမှာ နောက်ထပ်တတိယ အကြိမ်မြောက် သမ္မတသက်တမ်းအတွက် ပြန်လည်ဝင်ရောက် အရွေးခံခွင့်ပြုနိုင်ဖို့ သမ္မတသက်တမ်းသတ်မှတ်ချက်ကိုပြန်လည် ပြုပြင်မှာ စိုးရွံ့နေကြပါတယ်။ လတ်တလောမှာ အကြမ်းဖက် မှုတွေနဲ့ တင်းမာမှုတွေရှိနေလင့်ကစား ဆန္ဒမဲပေးမှုကို ပြုလုပ်သွား မှာဖြစ်ပါတယ်။
ဂီနီပြည်သူတွေဟာ အောက်တိုဘာလလယ်လောက် ကတည်းက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြမှုအတွင်းမှာ ဆန္ဒပြသူ အယောက် ၃၀ လောက်သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးလည်းသေဆုံးခဲ့တယ်လို့ အေအက်ဖ်ပီရဲ့ သတင်းဖော်ပြ ချက်မှာတွေ့ရပါတယ်။
လာမယ့်တနဂငေ်္နွနေ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မျှမျှ တတရှိမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပါလီမန်ဆိုင်ရာလူထုသဘောထား စစ်တမ်းကောက်ယူခြင်းနဲ့ပါတွဲဖက်ပြီး ပြုလုပ်မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဲ့ အတိုက်အခံခေါင်းဆောင် ဆဲလို့ဒါလိန်ဒိုင် လိုက သူလိုချင်တဲ့ရလဒ်ကို သူရနိုင်တယ်လို့ဆိုကာ တရားမဝင် ပြုလုပ်နိုင်ခြေရှိတဲ့အကြောင်း သွယ်ဝိုက်ပြီး သမ္မတကို ပြောကြား ခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျဖြစ်
အဓိက အတိုက်အခံပါတီတွေကလည်း တနဂငေ်္နွနေ့မှာ “ပူးတွဲပြုလုပ်မယ့် ဆန္ဒခံယူပွဲတွေနဲ့ပတ်သက်ပြီး သပိတ်မှောက်ကြ ဖို့စီစဉ်နေကြပါတယ်။ အဲဒီလိုမျိုးတွေ မပြုလုပ်ဖို့နဲ့ အဲဒီလိုပြုလုပ် တာတွေကိုတားမြစ်ဖို့ သူတို့က အရင်ကတည်းကသန္နိဋ္ဌာန်ပြုထား ကြပါတယ်။ ပင်လယ်ကမ်းခြေမြို့လေးဖြစ်တဲ့ ကိုနာခရီမြို့လေးမှာ တော့ ဒီတစ်ပတ်လှုံ့ဆော်တိုက်ပွဲဝင်မယ့် အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။
ကြေညာဆိုင်းဘုတ်တွေပေါ်မှာလည်း တန်းတူညီမှုရှိရေး၊ -လူငယ်တွေကို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပေးရေးစတဲ့ကြွေးကြော် စာတန်းတွေ ရေးထားပေမယ့်လည်း ကားတွေပိတ်ဆို့နေမှုကြောင့် ပြည်သူလူထုတွေ မြင်နိုင်ဖို့ခဲယဉ်းနေပါတယ်။ သင်တို့အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုတွေကို ကြားသိရမှာ မဟုတ်ကြောင်း ကွန်ဒီရဲ့ ဂီနီပြည်သူ့ပါတီ (အာရ်ပီဂျီ) မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆီကိုကွန်ဒီက ပြောကြားလိုက်ပါတယ်။ အစိုးရဝန်ကြီးတွေကလည်း နိုင်ငံတွင်းမှာ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်နေတယ်လို့ သူကပြောပါတယ်။
အရင်ပြင်သစ် ကိုလိုနီဖွဲ့စည်းပုံဥပဒေမှာတော့ သမ္မတ သက်တမ်းကို နှစ်နှစ်သာခွင့်ပြုထားကြောင်း ဖော်ပြထားပါတယ်။ သို့သော်လည်း ဆီကိုကွန်ဒီကအသစ်ပြဋ္ဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်မှာတော့ သမ္မတသက်တမ်းကို ဆန့်ကျင်ဘက်အနေနဲ့ သုညအထိပြန်လည်ပြင်ဆင်သတ်မှတ်မှာဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ပြီးတော့လည်း ဂီနီပြည်သူတွေက တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် သမ္မတကို ဆက်လက် ရှိစေချင်တယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဟာ ဒီမိုကရေစီနည်းကျဖြစ်တယ် လို့လည်း သူကပြောပါတယ်။
တိုင်းပြည်အေးချမ်းဖို့အတွက် မဲပေးမယ်
သမ္မတကွန်ဒီဟာ ၂၀၁၀ ပြည့်နှစ်မှာ ဂီနီရဲ့ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရတဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာလည်းထပ်မံရွေးကောက်ခံရပါတယ်။ အတိုက်အခံ နာမည်ကြီး ခေါင်းဆောင်များ ဖမ်းဆီးခံရတဲ့ကိစ္စ၊ အတိုက်အခံ များသေဆုံးတဲ့ကိစ္စတွေဖြစ်ပေါ်လာပြီးနောက် တက်ကြွလှုပ်ရှား သူများက သူ့ကို အာဏာရှင်ဆန်ဆန်ပုံစံဖြစ်လာတယ်လို့ စွပ်စွဲခဲ့ပါတယ်။
သူ့ရဲ့ အာဏာရအစိုးရနဲ့ အတိုက်အခံပါတီ (ဂီနီ ဒီမိုကရက်တစ်အင်အားစု) များနဲ့ အရပ်ဘက်အတိုက်အခံအုပ် စုများကြားမှာ သံသယတွေ၊ ဒွိဟတွေ အမြစ်တွယ်သလိုပေါက် ဖွားလာပါတယ်။ ဂီနီပြည်သူအများစုဟာ ဆန္ဒမဲပေးမှုကို ဆန့်ကျင် ကန့်ကွက်ကြပြီး ကြားနေမဲတွေပေးမယ်လို့ ခန့်မှန်းထားတယ်လို့ ဂီနီဒီမိုကရက်တစ်အင်အားစု တက်ကြွလှုပ်ရှားသူများနဲ့ သွားလာလှုပ်ရှားနေသူ ဒိုင်လိုက အေအက်ဖ်ပီသို့ ပြောကြား ခဲ့ပါတယ်။
အေအက်ဖ်ပီရဲ့ တွေ့ဆုံမေးမြန်းမှုမှာ မဲဆန္ဒရှင်တွေဟာ နှစ်ခြမ်းကွဲနေသလိုဖြစ်ခဲ့ပါတယ်။ တချို့ကလည်း သပိတ်မှောက်ဖို့ ကတိကဝတ်ပြုပြီး တချို့ကလည်း အတိုက်အခံပါတီတွေကို ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်း ပြောကြားကြပါတယ်။
ဥပဒေကျောင်းသား အက်ဒိုရာမန်နီကီတာက သူ့အနေနဲ့ အတိုက်အခံပါတီများဆွေးနွေးမှုတွေ ဖြစ်ပေါ်စေချင်တယ်လို့ပြောပါတယ်။ မိမိအနေနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့အတွက် မဲပေးချင်ပါတယ်လို့ သူကပြောပါတယ်။
မျှတကောင်း မျှတမယ်လို့ မျှော်လင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံးကို ရွေးကောက်ပွဲမတိုင်မီ သတိပေးတပ်လှန့်ထားတယ်လို့ဌာနချုပ်က ပြောကြားခဲ့ပါတယ်။ သမ္မတ ကွန်ဒီက သူကိုယ်တိုင်တွေ့နိုင်ခဲတဲ့ပုံစံမျိုးဖြစ်နေပြီး သူ့ပါတီက သူ့ကိုနောက်ထပ် သမ္မတသက်တမ်းဝင်ရောက် ယှဉ်ပြိုင်ဖို့ စဉ်းစားနေတယ်လို့ ပြင်သစ်မီဒီယာကို ပြောကြား လိုက်ပါတယ်။
ဂီနီနိုင်ငံရေးသိပ္ပံအဖွဲ့ ဥက္ကဋ္ဌ ကက်ဘိနက်ဖော်ဖာနာက မြို့တော်ကွန်နာခရီမှာ ဆန္ဒမဲပေးဖို့ စိတ်ထက်သန်မှု သိပ်မရှိမှာကို စိုးရိမ်မိကြောင်း ပြောကြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ အတိုက်အခံအင်အားစုများ ကြီးစိုးနေလို့ဖြစ်တယ်လို့ သူက ပြောပါတယ်။
နောက်တစ်ချက်ကတော့ လူတွေကစိုးရွံ့ကြောက်လန့် နေကြတယ်လို့ သူကဆက်လက်ပြောပါတယ်။ အစည်းအဝေးတွေမှာ ပါဝင်ဆွေးနွေးဖို့ စိတ်ဝေဒနာဆန်ဆန်ခံစားနေကြရ တယ်လို့ သူက ထပ်လောင်းပြောကြား ပါတယ်။
လူဦးရေ ၁၃ သန်းရှိပြီး မတူကွဲပြားတဲ့လူမျိုးစု အများစု နေထိုင်ရာ ဂီနီနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ် သော်လည်း ဓာတ်သတ္တုများပေါ်ကြွယ်ဝလှပါတယ်။ သမ္မတ ကွန်ဒီပါတီကို တိုင်းရင်းသားလူမျိုးစုအချို့က ထောက်ခံ အားပေးလျက်ရှိပါတယ်။
အတိုက်အခံအနည်းစုကတော့ တနဂငေ်္နွနေ့ ရွေးကောက်ပွဲဟာ မျှတကောင်းမျှတမယ်လို့ မျှော်လင့်ထားကြပါတယ်။
ပြင်သစ်စကားပြောနိုင်ငံများစုစည်းထားတဲ့ အပြည်ပြည် ဆိုင်ရအဖွဲ့ (အိုအိုင်အက်ဖ်)က မဲပေးနိုင်တဲ့လူဦးရေ၇ ဒသမ ၇ သန်းလောက်မှာ ၂ ဒသမ ၄၉ သန်းလောက် ပြဿနာ အနည်းငယ်ရှိနိုင်ကြောင်း၊ သူတို့တွေဟာ ရှုပ်ထွေးတဲ့မှတ်ပုံ တင်မှုတွေရှိနေကြောင်း ပြောကြားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင် အကြီးအကဲဖြစ်သူ အမာဒိုဆာလစ်ကီဘီက မဲပေးဖို့မှတ်ပုံတင်လုပ်ငန်း စဉ်တွေဟာ စင်းလုံးချောကောင်းမွန်နေတာမျိုး မဟုတ်ကြောင်း၊ သို့သော်လည်း အတိုင်းအတာတစ်ခုအထိတော့ ယုံကြည်လို့ရနိုင်ကြောင်း ပြောကြားလိုက်သည်။
အနောက်နိုင်ငံမှ သံတမန်တစ်ဦးက ရွေးကောက်ပွဲဟာ ရယ်စရာကောင်းနေကြောင်း၊ လူမျိုးစုမကျေနပ်မှုများဟာ တကယ်ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးပြောကြားထား ပါတယ်။ သို့သော်လည်း လူအများစုဟာ ဒီလူထုစစ်တမ်း ကောက်ယူမှုအပေါ် စိတ်ဝင်စားကြမှာမဟုတ်တဲ့အတွက် ကြီးကြီးမားမား ဆူပူအုံကြွမှုတော့ မဖြစ်နိုင်ဘူးလို့ ၎င်းက ဆက်လက်ပြောကြားလိုက်ပါတယ်။ ။
အေအက်ဖ်ပီ


