ဂြိုဟ်သိမ်ဘန်နူးမှ နမူနာများကို အမေရိကန်အာကာသအေဂျင်စီနာဆာ ပြသ

ဝါရှင်တန်  အောက်တိုဘာ    ၁၂

လွန်ခဲ့သည့်လအတွင်း ဂြိုဟ်သိမ် ဂြိုဟ်မွှားတစ်ခုမှ    ရရှိခဲ့သည့် နမူနာများကို      အမေရိကန် အာကာသအေဂျင်စီ နာဆာမှ ထုတ်ဖော်ပြသခဲ့သည်။ 

အဆိုပါနမူနာတွင်   ရေနှင့် ကာဗွန်ပါဝင်မှုရှိသည်ကို   ၎င်းတို့ ၏   သိပ္ပံပညာရှင်များက  တွေ့ရှိ ထားကြောင်းပြောသည်။ နာဆာသည်    ဟူစတန်မြို့    ဂျွန်ဆင် အာကာသစင်တာတွင်  အမည်း ရောင်သဲများနှင့်    သေးငယ်သည့် ကျောက်တုံးများပါဝင်သည့် နမူနာအချို့ကို  အောက်တိုဘာ  ၁၁ ရက် တွင် လူသိရှင်ကြား ပြသခဲ့သည်။ 

အာကာသစူးစမ်းလေ့လာရေးယာဉ်   OSIRIS-Rex  သည် ကမ္ဘာနှင့်အင်္ဂါဂြိုဟ်ကြား  လှည့် ပတ်နေသည့်   ဘန်နူးဂြိုဟ်သိမ် ပေါ်တွင်  ဆင်းသက်ခဲ့ပြီး  နမူနာ များကို စုဆောင်းခဲ့သည်။ နမူနာများကို         သယ်ဆောင်လာသည့်    အလုံပိတ်အခန်းငယ်ကို  အမေရိကန်အနောက်ပိုင်းပြည်နယ်  သဲကန္တာရတွင် အောက်တိုဘာလအတွင်းက    အောင်မြင်စွာ        ဆင်းသက်နိုင်ခဲ့သည်။ နာဆာက ၎င်းတို့၏ သိပ္ပံပညာရှင်များသည်   ဂြိုဟ်သိမ်ဂြိုဟ်မွှားမှ ရရှိလာသည့်နမူနာများကို စူးစမ်း လေ့လာနေပြီး ပစ္စည်းမည်မျှပါဝင်ကြောင်းကို   မသိရသေးကြောင်း ပြောသည်။

ကမ္ဘာအနှံ့မှ သိပ္ပံပညာရှင်များသည် အဆိုပါနမူနာပစ္စည်းများကို      လေ့လာရန်အတွက်  လာရောက်     ပူးပေါင်းကြမည်ဖြစ်သည်။အဆိုပါ    နမူနာများကို    လေ့လာခြင်းဖြင့်   ကမ္ဘာပေါ်တွင် သက်ရှိများမည် သို့ ဖြစ်ပေါ်လာပုံနှင့် နေအဖွဲ့အစည်း ဖြစ်ပေါ်လာပုံ  အဖိုးတန်သဲလွန်စများ   ရရှိမည်ဟု   မျှော်လင့်ထား သည်။                

အင်န်အိတ်ချ်ကေ