ဂြိုဟ်သိမ်တစ်ခု ကမ္ဘာမြေအနီး ပျံသန်းစဉ်မှာ နာဆာရဲ့ သတိပေးကွန်ရက်ကို စမ်းသပ်မယ်

ကိတ်ကနာဗာရယ် ၁၂  အောက်တိုဘာ


အဲဒီအရာဝတ္ထုကြောင့် ကမ္ဘာမြေအပေါ် ဆိုးကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေနိုင်သော်လည်း ဂြိုဟ်သိမ်ဂြိုဟ်မွှား သတိပေးစနစ်ကို စမ်းသပ်ဖို့ အခွင့်အရေး ရရှိမှာဖြစ်တယ်လို့ နာဆာက သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တယ်လီစကုပ် ကွန်ရက်ကလည်း ယင်းပစ္စည်းကို အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။


အဲဒီဂြိုဟ်သိမ်ရဲ့ သဘောသဘာဝကို လေ့လာပြီးတော့ ဂြိုဟ်သိမ် သတိပေးချက် စနစ်ကို လေ့လာသွားမှာ ဖြစ်တဲ့ကြောင်း၊ ဘယ်လောက်အထိ နီးကပ်လာနိုင်မလဲ တွက်ချက်သွားမှာ ဖြစ်ကြောင်း ကမ္ဘာမြေကြီးအနီး ရောက်လာတဲ့ အရာဝတ္ထုတွေကို လေ့လာရေး နာဆာဌာန မန်နေဂျာ ပေါခိုးဒါးက ပြောပါတယ်။လွန်ခဲ့တဲ့ ငါးနှစ်က 2012 TC4 လို့ခေါ်တဲ့ ဂြိုဟ်သိမ်တစ်ခုလည်း ရောက်ရှိလာခဲ့ဖူးပါတယ်။ အဲဒီဂြိုဟ်ရဲ့အရွယ်အစားဟာ ၁၅ မီတာကနေ မီတာ ၃၀ ကြား ဖြစ်တယ်လို့ သိရပါတယ်။


ဘာသာပြန်-မသက်မွန်(MDN)