ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သေဆုံးမှု ၃၂၈၄၅ ဦး ရှိလာ

ဧပြီ ၂

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၂၈၄၅ ဦး သေဆုံးမှုရှိလာကြောင်း ဂါဇာဒေသရှိကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကထုတ်ပြန်ကြေညာခဲ့သည်။ လွန်ခဲ့သော ၂၄ နာရိအတွင်း အစ္စရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၃ ဦး သေဆုံးပြီး ၉၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနက ပြောကြားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ကစတင်ခဲ့သော အစ္စရေး-ဟားမတ်စ် ပဋိပက္ခဖြစ်ပွားမှုနောက်ပိုင်း ပါလက်စတိုင်းသေဆုံးမှုပေါင်း ၃၂၈၄၅ ဦးရှိလာပြီး ၇၅၃၉၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဟားမတ်စ်တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းကိုတိုက်ခိုက်ခဲ့ရာ အစ္စရေး ၁၂၀၀ ခန့်သေဆုံးခဲ့ကြောင်းနှင့်  လူ ၂၅၀ ကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို