ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၄၈၆၃ ဦးရှိလာ

မေ ၆

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၄၆၈၃ ဦး ရှိလာကြောင်း ဟားမတ်စ်၏ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏တိုက်ခိုက်မှုကြောင့် ၂၉ ဦး သေဆုံးပြီး အခြား ၁၁၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။ ထိခိုက်ဒဏ်ရာရသူအချို့သည် အဆောက်အဦးအကျိုးအပဲ့များအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားမှုနောက်ပိုင်း ပါလက်စတိုင်း သေဆုံးသူ ၃၄၆၈၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၇၈၀၁၈ ဦး ရှိလာကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို