ဂါဇာ၌ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး  တူကီယဲသမ္မတ အာဒိုဂန်  ဟားမားစ်အကြီးအကဲနှင့် ဆွေးနွေး

အစ္စတန်ဘူလ်   အောက်တိုဘာ  ၂၂

တူကီယဲသမ္မတ ရီဆက်ပ် တေယစ် အာဒိုဂန် သည်   ဟားမားစ်နိုင်ငံရေး   ဗျူရိုအကြီးအကဲ  အစ္စမေးလ် ဟာနီရာ့ရှ်နှင့် ဂါဇာကမ်းမြောင် ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ     အကူအညီ များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများ က အောက်တိုဘာ ၂၂ ရက်တွင် ဖော်ပြသည်။

တူကီယဲမှ    လူသားချင်းစာနာထောက်ထား မှု    အကူအညီများ     ဂါဇာကမ်းမြောင်သို့ ရောက်ရှိမှု အခြေအနေနှင့်    ဒဏ်ရာရသူများကို     မဖြစ်မနေလိုအပ်ပါက    တူကီယဲတွင် ကုသပေးနိုင်ရေး ကြိုးပမ်းနေသည်ဟု သမ္မတ အာဒိုဂန်က    ဟာနီရာ့ရှ်အား    ပြောကြားခဲ့ကြောင်း အင်န်တီဗွီ ရုပ်မြင်သံကြားက တူကီယဲ သမ္မတရုံး၏   ပြောကြားချက်ကို    ကိုးကားဖော်ပြသည်။ အာဒိုဂန်က တူကီယဲနိုင်ငံအနေဖြင့်    ဒေသတွင်းအပစ်အခတ်ရပ်စဲရေးကို    တတ်နိုင်သမျှ      အမြန်ဆုံး     ရရှိအောင်   လုပ်ဆောင်နေကြောင်း    ပြောကြားခဲ့ပြီး     ပဋိပက္ခနှင့်ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်ကို ထပ်မံပြောကြားသည်။

အောက်တိုဘာ   ၂၂   ရက်အထိ    ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ လေကြောင်းတိုက်ခိုက် မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၄၆၅၁ ဦးအထိ မြင့်တက်လာခဲ့ပြီး ကမ်းရိုးတန်းနယ်မြေအတွင်း ပါလက်စတိုင်း ၁၄၂၄၅ ဦး      ဒဏ်ရာရခဲ့ကြောင်း    ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးဘက်တွင်လည်း အောက်တိုဘာ  ၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အနည်းဆုံး လူ ၁၄၀၀ သေဆုံးခဲ့ပြီး နိုင်ငံခြားသားများ  အပါအဝင်  လူ ၂၁၀ မှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည်။

ဆင်ဟွာ