အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်အလယ်ပိုင်းတွင် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အင်ဒိုနီးရှားတပ်မတော်မှ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အမျိုးသား အထိမ်းအမှတ်အဆောက်အဦတွင် ယနေ့ နံနက် ၇နာရီအချိန်က မီးခိုးဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ရဲက သံသယရှိနေသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှာ စစ်သားများဖြစ်ကြောင်း အခင်းဖြစ်ပွားချိန်တွင် လေ့ကျင့်မှုပြုလုပ်နေချိန်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးကို ကိုးကားပြီး ဒေသန္တရ မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဒဏ်ရာရရှိသူ နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပြီး ကုသလျက်ရှိသည်ဟု ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်မှုကို ပုံဖော်သည့် Monas အဖြစ်လူသိများပြီး အဆိုပါ ပန်းခြံသည် အမျိုးသားအထိမ်းအမှတ် အဆောက်အဦရှိပြီး လူကြိုက်များသည့် ကမ္ဘာလှည့် ခရီးသည်များ လာရောက်ရာ နေရာဖြစ်သည်။
အဆိုပါ ပန်းခြံသည် အင်ဒိုနီးနား သမ္မတနန်းတော်နှင့် အင်ဒိုနီးရှား အစိုးရရုံးများအနီးတွင် တည်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


