ဂက်စ်အိုးပေါက်ကွဲ၍ ဒဏ်ရာရရှိသူ အမျိုးသမီးဆေးကုသစဉ်သေဆုံး

မြစ်ကြီးနား  ၂၁  ဇန်နဝါရီ 


ကချင်ပြည်နယ်မြစ်ကြီးနားမြို့ မြစ်ကြီးနားကလေးစာပေပွဲတော်ကျင်းပရန် မိုးပျံပူပေါင်း လေဖြည့်တင်းစဉ် ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွား၍ ဒဏ်ရာရရှိခဲ့သည့်အမျိုးသမီး ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ ၂၁ ရက်က ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဇန်နဝါရီ ၂၀ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့ မြစ်ကြီးနားတက္ကသိုလ်တွင် ကလေးစာပေပွဲတော် ကျင်းပရန် မိုးပျံပူပေါင်းလေဖြည့်တင်းစဉ် ဂက်စ်အိုးအပူရှိန်လွန်ကဲ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဒေါ်နန်းနန်(၄၂)၏ ယာဘက်လက်ဖျံ ပြတ်ထွက်ကာ ရင်ဘတ်နှင့်မျက်နာတို့တွင် အပူလောင်ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံခွဲစိတ်ကုသဆောင်တွင် ဆေးကုသမှုခံယူစဉ် ယနေ့နံနက် ၂ နာရီ မိနစ် ၅၀ က သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)