ဂျက်စတင်ဘီဘာရဲ့အချစ်ဇာတ်လမ်းတွေကိုလျစ်လျူရှုဖို့ ကြိုးပမ်းနေရတဲ့ ဆယ်လီနာ

၁၉ ဇွန်

ဂျက်စတင်ဘီဘာဟာ ဆယ်လီနာဂိုမက်ဇ်နဲ့ လမ်းခွဲပြီးနောက် ဟေလီဘာ့ထ်ဝင်း နဲ့ အချစ်ဇာတ်လမ်း စနေပါတယ်။ ဆယ်လီနာကတော့ ဂျက်စတင်ဘီဘာရဲ့အချစ်ဇာတ်လမ်းသစ်ကို အာရုံမစိုက်မိအောင် အထူးကြိုးစားနေပေမယ့် အဲဒီအတွက်တော့ စိတ်အနှောက်ယှက်ဖြစ်ရတာကတော့အမှန်ပါပဲ။

ဂျက်စတင်ဘီဘာနဲ့ ဟေလီ တို့ရဲ့အချစ်ခရီးလမ်းဟာလည်း ကြာရှည်ခံလိမ့်မယ်လို့ ဆယ်လီနာက မထင်ပါဘူး။ ဂျက်စတင်ဘီဘာနဲ့ပတ်သက်ရင် စိတ်ခံစားချက်မကုန်သေးတဲ့ ဆယ်လီနာဟာ ဂျက်စတင်ဘီဘာရဲ့ အချစ်ဇာတ်လမ်းတွေအကြောင်း မကြားမိအောင်နေနေရပါတယ်။ ဒါပေမယ့်လည်းလူမြင်ကွင်းမှာ တွေ့တွေ့နေရတဲ့ ဂျက်စတင်ဘီဘာတို့စုံတွဲကို လျစ်လျူရှုထားပေမယ့်သတိမထားပဲလည်းမနေနိုင်ဘူးလို့ ဆယ်လီနာနဲ့ ရင်းနှီးသူတွေက ဟောလိဝုဒ်လိုက်ဖ်ကို ပြောပါတယ်။ ဆယ်လီနာဟာအခု အချိန်မှာ ချစ်သူမရှိပဲ တစ်ကိုယ်တည်းဖြစ်နေပြီး ဂျက်စတင်ဘီဘာကိုလည်းချစ်နေဆဲပါပဲ။ သူတို့ကြားမှာ အဆိုးတွေ ဘယ်လောက်ပဲရှိရှိ ဂျက်စတင်ဘီဘာအပေါ် စိတ်မကုန်နိုင်ပါဘူး။

အခုလည်းဂျက်စတင်ဘီဘာနဲ့ ဟေလီတို့စုံတွဲအချစ်ဇာတ်လမ်း ဘယ်လောက်ခံမှာ လည်းလို့မေးခွန်းထုတ် နေပြန်ပါတယ်။ဟေလီကတော့ အေးအေးဆေးဆေးပါပဲ။ ဂျက်စတင်ဘီဘာကြောင့် အသည်းကွဲမှာကို စိုးရမ်တဲ့ပုံမရှိပါဘူး သူဟာပေါ့ပေါ့ပါးပါးနေတက်ပြီး အချစ်ရေးနဲ့ ပတ်သက်ရင်လည်း လေးလေးနက်နက်ရှိ ဟန်မတူပါဘူး။ ဆယ်လီနာခန့်မှန်းထားသလို သူတို့စုံတွဲ ဘယ်လောက်ထိခံမလဲဆိုတာကတော့ စောင့်ကြည့် မှပဲသိရတော့မှာပါ။ 

ခြူး

ကိုးကား>> ဟောလိဝုဒ်လိုက်ဖ်