ဂွမြို့ မ​ဒေါ့ကျောက်တောင်အနီး ကျောက်ပြင်ပေါ်တွင် ပေ ၅၀ ရှိ ဝေလငါးသေတစ်ကောင် ပုတ်ပွသောင်တင်

ဂွ ဧပြီ ၁

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မတ် ၃၀ ရက်၌ လောင်းကျိုးကျေးရွာ၏ အနောက်မြောက်ဘက် (၁.၅)မိုင်ခန့်အကွာ၊ ကမ်းသာယာ ရေမျက်တောင်၏တောင်ဘက် (၁)မိုင်ခန့်အကွာ မဒေါ့ကျောက်တောင်အနီး ကျောက်ပြင်ပေါ်တွင် အလျား ပေ ၅၀၊ လုံးပတ် ပေ ၃၀ ခန့်ရှိ ဝေလငါးသေတစ်ကောင် ပုတ်ပွသောင်တင်လျက်ရှိပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တွေ့ရှိမှု အခြေအနေများအား မှတ်တမ်းတင်ဆောင်ရွက်ကာ မတ် ၃၁ ရက်တွင် ထပ်မံကွင်းဆင်း၍ ဝေလငါးအသေအား နေရာရွှေ့ခြင်းများ မဖြစ်ပေါ်စေရေး လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝေလငါးအသေမှာ ဝေလငါးပြာ (Balaenoptera musculus) အမျိုးအစားဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ရွှေရည်ဝင်းကျော်