ဂွ ၃ ဧပြီ

 

ဂွမြို့နယ် မီးသတ်ဦးစီးဌာန အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် ဂွမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနရုံး အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တက်ရောက်၍ မင်္ဂလာပန္နက်တိုင်စိုက်ထူပေးသည်။

 

ရှေးဦးစွာ မီးသတ်ဦးစီးဌာန၏ အဆောက်အဦသစ်ကို တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပေ (၄၅×၅၀)၊ (၂)ခန်းတွဲ၊ (၆)ထပ် သံကွန်ကရစ် အဆောက်အဦသစ် ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့်နှင့် ဒေါက်တာချမ်းသာ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ မင်္ဂလာပန္နက်တိုင်ကို စိုက်ထူပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

 

မျိုးသူထွန်း

 

ဗ