ဂန့်ဂေါ  ၁၃   မတ်

 

ဂန့်ဂေါ- ကလေး ကားလမ်း မိုင်တိုင်အမှတ် ၁၄/၁ နှင့် ၁၄/၂ ကြား လမ်းဘေး ချောက်ထဲတွင် မီးလောင်ထားသည့် လူသေအလောင်းကို ကန်နယ်မြေရဲတပ်ဖွဲ့စခန်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ကားလမ်းဘေး ချောက်ထဲတွင် ဆိုင်ကယ်ဖြင့်လူတစ်ဉီး ထိုးကျတိမ်းမှောက် သေဆုံးပြီး မီးလောင် ထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ပတ်ဝန်းကျင်တွင် လေ့လာစုံစမ်းရာ ဂန့်ဂေါဘက်မှ ကလေးဘက်သို့ ကုန်းအဆင်း လမ်း၏ဝဲဘက်ခြမ်း ပေ ၅၀ ခန့်နက်သော ချောက်ထဲသို့ အရှိန်မထိန်းနိုင်ဘဲ ထိုးကျခဲ့ရာ တွေ့ရှိသည့် အချိန်တွင် သေဆုံးနေခြင်းဖြစ်သည်။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကန်နယ်မြေရဲတပ်ဖွဲ့စခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

 

တောင်သားမောင်သန်း