ဂန့်ဂေါ  ၁  ဧပြီ 

 

ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဥိီးစီးဌာနက ကြီးမှူး၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ဂန့်ဂေါမြို့နယ် လက်ပန်ကျေးရွာအုပ်စု ကျွဲနန်းကျေးရွာ မိတ်ဆွေစစ်စာကြည့်တိုက်တွင်ပြုလုပ်ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည်တို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

 

တတ

 

ထို့နောက် အဆိုပါ စာကြည့်တိုက်တွင် ၂၀၁၈ ခုနှစ်၌ စာဖတ်အများဆုံးဆုရရှိသူ ဒေါ်စတင် အား ကျေးရွာ စာကြည့်တိုက်ကော်မတီဝင် ဦးဉာဏ်ထူးက ဆုများချီးမြှင့်ခဲ့ပြီး လက်ပန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်က စာကြည့်တိုက်မှူး ဦးဟန်ဝင်းအောင်ထံ သတင်းစာ ၁ နှစ်စာလှူဒါန်းကြောင်း သိရသည်။ 

 

MDN

 

တတ