ဂန့်ဂေါ ၃၀  မတ် 

 

ဂန့်ဂေါမြို့နယ်တွင် ကျင်းပမည့် သင်္ကြန်ပွဲတော်တွင် မှုခင်းမဖြစ်ပွားရေး ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အသီးသီးမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ရာ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မင်းလွင်က ဆွေးနွေးပွဲ ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍  ရှင်းလင်းသည်။ 

 

" မှုခင်းမဖြစ်ပွားရေး အဓိကထား ဆောင်ရွက်နေပါတယ်၊ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ HOME VISIT အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ်မှာ ၄ ကြိမ်၊ ထီးလင်းမြို့နယ်မှာ ၆ ကြိမ်၊ ဆောမြို့နယ်မှာ ၁၁ ကြိမ် နဲ့ အိမ်ထောင်စု ၁၁၅ စု မှာ အသိပညာပေးဟောပြောဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြီးတော့ ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ် " ဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။ 

 

အဆိုပါ အစည်းအဝေးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးကျော် ၊ ခရိုင်မူးယစ်ဆေးဝါးတားဆီးဆန့်ကျင် ရေးအဖွဲ့မှ ဦးမောင်ကြည်၊ မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဒုရဲအုပ် တင်မောင်ကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က သင်္ကြန်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် မှုခင်းမဖြစ်ပွားရေး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။ 

 

MDN

 

DSC0