မေ(ပြင်ဦးလွင်) စီစဉ်ရေးသားသည့် ဂန္ထဝင်ဂီတပညာရှင် ဂီတနက်သန်ဦးအုန်းလွင် သူ့ဘဝ၊ သူ့ဂီတနှင့် သူ့အနုပညာ စာအုပ်ထွက်ရှိလာသည်။
မြန်မာတို့၏ ယဉ်ကျေးမှုသမိုင်းကို လေ့လာကြည့်လျှင် မြန်မာ့ဂီတသည်လွန်ခဲ့သောနှစ်ပေါင်း ၁၀ဝဝကျော်လောက်ကစ၍ ပေါ်ပေါက်ခဲ့သည်။ ခရစ်နှစ် ၈၀၂ခုနှစ်ခန့်တွင် ရေးထိုးခဲ့သော တရုတ်လူမျိုးတို့၏ မှတ်တမ်းစာစောင်အရ မြန်မာ့တူရိယာနှင့် သီချင်းတို့သည် ထိုခေတ်တွင် ပြေပြစ်ကောင်းမွန်ကြောင်း သိရသည်။ စာပေဝါသနာရှင်များ၊ ဂီတဝါသနာရှင်များနှင့် ဂီတအနုပညာသမိုင်းဆိုင်ရာ အချက်အလက်များကို ရှာဖွေ လေ့လာလိုသူများအတွက် ရည်ရွယ်၍ ရေးသားထားသည်။ ယနေ့ခေတ်လူငယ်လူရွယ်များသည် ရှေးခေတ် တေးပြုစာဆိုကြီးများ၏ သီချင်းများနှင့် သူတို့၏မှတ်တမ်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း ရေးသားထားသည်။
ကြေးမုံ


