GOOD NEWS ဇာတ်ကားမှာ အတူတွဲတွေ့ရမယ့် ကရီနာကပူးနဲ့ အက်ခ်ရှေးကူးမား

၃ သြဂုတ်

 

ကရီနာကပူးနဲ့ အက်ခ်ရှေးကူးမားတို့ဟာ ဇာတ်ကားတစ်ခုထဲမှာ တွဲပြီး သရုပ်မဆောင်တာ ၉ နှစ်နီးပါး ရှိပါပြီ။ အခုအခါမှာတော့ သူတို့နှစ်ဦးကို Good News ဆိုတဲ့ဇာတ်ကားမှာ အတူတွဲပြီး တွေ့ရတော့မှာပါ။ သူတို့နှစ်ဦးတွဲပြီးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ Ajnabee ၊ Kambakkht Ishq ဆိုတဲ့ဇာတ်ကားတွေပဲ ဖြစ်တယ်။ အခုရိုက်မယ့် Good News ဆိုတဲ့ ဇာတ်ကားကတော့ ဟာသဒရမ်မာ ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားပြသမယ့် ရက်ကိုတော့ ၂၀၁၉ ဇူလိုင် ၁၉ လို့ ရက်သတ်မှတ်ထားပါတယ်။ အက်ခ်ရှေးကူးမား ကိုယ်တိုင်ကလည်း သူ့ရဲ့တွစ်တာ အကောင့်မှာ Good News ဇာတ်ကားနဲ့ပတ်သက်ပြီး အချက်အလက်တွေ ကြေငြာထားပါတယ်။ 

 

ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာကတော့ ရာ့ချ်မီတာပဲ ဖြစ်တယ်။ ဒီဇာတ်ကားမှာ နောက်ထပ်ပါဝင်လာမယ့်သရုပ်ဆောင်တွေကတော့ ဒယ်ဂျစ် ဒိုဆန်ဂျ် နဲ့ ကီအာရာ အက်ဗန်းနီတို့ပဲဖြစ်တယ်။ မိသားစုဟာသ ဇာတ်ကားလေးဖြစ်တဲ့ Good News ဇာတ်ကားမှာ ကရီနာကပူးနဲ့ အက်ခ်ရှေးကူးမားတို့ဟာ ကလေးရဖို့ ကြိုးပမ်းနေကြတဲ့ ဇနီမောင်နှံအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီလိုပါပဲ ဒယ်ဂျစ် ဒိုဆန်ဂျ် နဲ့ကီအာရာတို့စုံတွဲကလည်း နောက်ထပ်ကလေးရဖို့ ကြိုးစားနေတဲ့ စုံတွဲအဖြစ် ပါဝင်ထားပါတယ်။ နာမည်ကျော် သရုပ်ဆောင်တွေနဲ့ ဘယ်လိုမျိုး ဟာသဇာတ်ကွက်တွေနဲ့ ပရိတ်သတ်တွေကို ဖျော်ဖြေသွားမလဲ ဆိုတာကတော့ ရုံတင်မယ့်နေ့ကို စောင်ကြည့်ရမှာပါပဲ။

 

ခြူး
ကိုးကား- အီးတိုင်းမ်စ်