“ဂျပန် - မြန်မာ ချစ်ကြည်ရေး ” ပင်လုံမြို့၌ ကျောင်းဆောင်သစ်များလွဲပြောင်းပေးအပ်

ပင်လုံ   ၂၂  ဇန်နဝါရီ     

 
“ ဂျပန် - မြန်မာချစ်ကြည်ရေး” အဖြစ် ဂျပန်နိုင်ငံ အစိုးရနှင့် ဂျပန်ပြည်သူများက လှူဒါန်းသော ပင်လုံမြို့ အထက(၁)ကျောင်း နှင့် အထက(၂)ကျောင်းများမှ RC နှစ်ထပ် ကျောင်းဆောင်သစ်များ ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ပထမအတွင်းဝန် Mr . Y0shimasa KASAI (First Secretary of the Embassy of Japan) တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယတိုင်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ပထမအတွင်းဝန် Mr . Y0shimasa KASAI (First Secretary of the Embassy of Japan) အသီးသီးအမှာစကား ပြောကြားကြသည်။

 

mdn


အဆိုပါ “ ဂျပန် - မြန်မာချစ်ကြည်ရေး” အဖြစ် ဂျပန်နိုင်ငံ အစိုးရနှင့် ဂျပန်ပြည်သူများက လှူဒါန်းသော ပင်လုံမြို့ အထက(၁) ကျောင်းဆောင်သစ်အတွက် အမေရိကန်ဒေါ်လာ ( ၁၆၅၀၃၂ )ဒေါ်လာ ဖြင့်  အလျား ၁၃၂ ပေ ၊ အနံ ၃၀ ပေ ၊ RC နှစ်ထပ် နှင့် အထက(၂)   ကျောင်းဆောင်သစ် အတွက် အမေရိကန်ဒေါ်လာ (၁၈၁၆၄၇) ဒေါ်လာဖြင့် အလျား ၁၆၂ ပေ ၊ အနံ ၃၀ ပေ ၊ RC နှစ်ထပ်တို့ဖြစ်ကြောင်း သိရသည်။


ယင်းနောက် ခရိုင်ပညာရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ အဆောက်အဦနှင့် ပတ်သက်၍ စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ပထမအတွင်းဝန်က မြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ခြင်း၊ ဆောက်လုပ်ရေးကုမ္ပဏီမှ ကျောင်းကော်မတီသို့ စာရွက်စတမ်းများ လွှဲပြောင်းပေးအပ်ခြင်း၊ အထိမ်းအမှတ်အလံများ ပေးအပ်ခြင်း၊ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း အစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မိုးလွင်ဦး(လွိုင်လင်)

 

mdn