ဂျပန်စတိုင် ယာကီဆိုဘာ ခေါက်ဆွဲကြော်

ယာကီဆိုဘာခေါက်ဆွဲကြော်ဟာ ကြော်ရလွယ်ကူသလို အရသာလည်း ရှိပါတယ်။ ခေါက်ဆွဲကြော်ဖို့ အတွက် အချိန်ကလည်း  ၁၅ မိနစ်လောက်ပဲ ကြာပါတယ်။

 

ဂျပန်နိုင်ငံမှာတော့  ကလေးလူကြီး အသက်အရွယ်မရွေး  ဒီခေါက်ဆွဲကြော်ကို ကြိုက်ကြပါတယ်။ ပထမဦးဆုံး ဝက်သားနဲ့ ဂေါ်ဖီကို ကြော်ပြီး အသားကျက်ရင် ခေါက်ဆွဲထည့်ပြီး ခဏလောက်မွှေ၊ ပြီးရင် အရသာတိုးစေမယ့် အမယ်တွေ ထည့်ရုံပါပဲ။

 

ပါဝင်ပစ္စည်းများ ( ၂ ဦးစာ)

 

Yakisoba ခေါက်ဆွဲ ၃၀ဝ ဂရမ်

 

ပဲငံပြာရည်  စားပွဲဇွန်း  ၁  ၂/၃  ဇွန်း ( ၂ဇွန်း မပြည့်တပြည့်)

 

ဂေါ်ဖီ ( ၄-၅ ရွက်) ၂၀ဝ ဂရမ်

 

ကြက်သွန်နီ တစ်ခြမ်း

 

ဝက်သား (ပါးပါးသေးသေးလှီးထား) ၁၀ဝ ဂရမ်

 

Japenese chuno sauce စားပွဲဇွန်း  ၃ ဇွန်း

 

ဟင်းရွက်ဆီ စားပွဲတင်ဇွန်း  ၁ဇွန်း

 

ဂျင်းအချဉ် Benishoga  (လိုအပ်သလောက်)

 

ပြုလုပ်ပုံ

 

၁။ပြုတ်ပြီးသား ခေါက်ဆွဲထုတ် ဖြစ်တဲ့အတွက် အိတ်ရဲ့ တစ်ဖက်ကို ဖွင့်ပြီး မိုက်ခရိုဝေ့ မီးဖိုထဲမှာ မီးအပူချိန်  ၆၀ဝ နဲ့ တစ်မိနစ်ခန့် ထည့်ပါ။ ဒါမှ ခေါက်ဆွဲတွေကို တစ်မျှင်စီ ဖွလို့  ရမှာပါ။

 

၂။ ခေါက်ဆွဲတွေကို အိတ်ထဲက ထုတ်ပြီး ဇလုံတစ်ခုထဲ ထည့်ပါ။ ထို့နောက် ပဲငံပြာရည် ၁ ဇွန်း ကို လောင်း ဆမ်းပြီး  နှံ့အောင် နယ်ပါ။ ပဲငံပြာရည်နဲ့ နယ်ထားတဲ့အတွက်  ခေါက်ဆွဲရဲ့ အရသာကို ပိုကောင်းသွားစေပါတယ်။

 

၃။ ဂေါ်ဖီကို ၅ စင်တီမီတာအရွယ် လေးထောင့် အပိုင်းလေးတွေ ဖြတ်ပါ။ ကြက်သွန်နီကို ပါးပါးလှီးပါ။ ခွက်တစ်ခုထဲမှာ ဂျပန် chuno ဆော့စ်နဲ့ ပဲငံပြာရည် ၂ ဇွန်း ထည့်ပါ။

 

၄။ ဒယ်အိုးထဲ ဆီထည့်ပြီး မီးအသင့်အတင့် နဲ့ ဆီပူအောင် တည်ပါ။ ထို့နောက် ဝက်သား ကိုထည့်ပါ။ အပေါ်ကနေ ဂေါ်ဖီထည့်ပါ။ ထို့နောက် ကြက်သွန်နီ ထည့်ပါ။ တစ်မိနစ်လောက် ကြာတဲ့အခါ သစ်သားယောက်မနဲ့ အထက်အောက် တစ်ချက်လှည့်ပေးပါ။ တစ်မိနစ်လောက် ထပ်ကြာတဲ့အခါ အထက်အောက် ထပ်မွှေပေးပါ။

 

၅။  အသားနဲ့ အရွက်ကြော်ကို  ဒယ်အိုးရဲ့ အစွန်ဖက် တွန်းပို့ထားပြီး ခေါက်ဆွဲကို အလယ်မှာ ထည့်ပါ။ တစ်မိနစ်လောက် ကြာတဲ့အခါ သစ်သားဇွန်းနဲ့ ခေါက်ဆွဲကို အသာဖွပေးပါ။

 

၆။ တစ်မိနစ်ခန့် မွှေကြော်ပြီးသည့်အခါ  လက်တစ်ဖက်မှာ သစ်သားဇွန်းကိုကိုင် နောက်တစ်ဖက်မှာ  ဟင်းချက်တူကို ကိုင်ပြီး ခေါက်ဆွဲနဲ့  အရွက်ကြော်ကို သမအောင် အသာမွှေပေးပါ။

 

၇။ ခေါက်ဆွဲနဲ့ အရွက်ကြော်အရောကို အိုးတစ်ဖက်တွန်းပို့ထားပြီး   ဂျပန် chuno ဆော့စ် နဲ့ ပဲငံပြာရည်တို့ကို အိုးအလယ်မှာ လောင်းထည့်ပါ။  ဆော့စ်အရည်တွေ  ပွက်စပြုလာသည့်အခါ  ခေါက်ဆွဲဖတ်နှင့် အရွက်ကြော ် အရောတို့ကို ဆော့စ်အရည်နှင့် သမသွားအောင် အသာမွှေပေးပါ။ တစ်မိနစ်ခန့် မွှေကြော်ပြီးသည့်အခါ ဂျပန်ခေါက်ဆွဲကြော်ကို စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီ။ ပန်းကန်ထဲမှာ ခေါက်ဆွဲကြော်ကို ထည့်သည့်အခါ အပေါ်မှာ ဂျင်းအချဉ်ကို ပုံပြီး ပြင်ဆင်ပါ။

 

ကိုးကား- NHK