၂၀ ဇန်နဝါရီ

ပြီးခဲ့သည့် သီတင်းပတ်က ဂျပန်ငါးဖမ်းသင်္ဘောတစ်စီးကို ထိန်းသိမ်းထားခဲ့ပြီးနောက်ပိုင်း ရုရှားအာဏာပိုင်များက ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

 

r2

 

အာမခံငွေရရှိပြီးနောက် ယနေ့တွင် No.68 Shoyo-maru သင်္ဘောကို ပြန်လွှတ်ပေးခဲ့သည်ဟု ထိုအာဏာပိုင်များက ဆိုသည်။

 

r3

 

ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှ ထိုငါးဖမ်းသင်္ဘောကို စစ်ဆေးခဲ့ပြီးနောက် ကူရှီရီကျွန်းသို့ ခေါ်ဆောင်သွားသည်။ ရုရှားနိုင်ငံ၏ ခွင့်ပြုချက်ဖြင့် ထိုငါးဖမ်းသင်္ဘောသားများသည် ရုရှားနိုင်ငံ၏ ရေမိုင် ၂၀၀ ဇုန်အတွင်း ငါးဖမ်းခဲ့ကြသည်။

အဆိုပါ ငါးဖမ်းသင်္ဘောကို နီမူရိုမြို့ရှိ ငါးဖမ်းအသင်းအဖွဲ့ တစ်ဖွဲ့က ပိုင်ဆိုင်ကြောင်းနှင့် ထိုသင်္ဘောတွင် သင်္ဘောသား ခြောက်ဦး ပါရှိကြောင်း သိရသည်။

ထိုသင်္ဘောတွင် ဖမ်းခွင့်ပြုထားခြင်းမရှိသော ငါးဖမ်းထားသည်ကို တွေ့ရှိခဲ့သည်ဟု ရုရှားနယ်စပ်ရေးရာတာဝန်ရှိသူများက ဆိုသည်။

၎င်းသင်္ဘောသည် ယနေ့နှောင်းပိုင်းတွင် နီမူရိုမြို့သို့ ရောက်ရှိလာဖွယ်ရှိကြောင်း ဖော်ပြထားသည်။

ကူနာရှရီသည် ရုရှားပိုင်း ကျွန်းလေးကျွန်းအနက် တစ်ကျွန်းဖြစ်သည်။ ဂျပန်နိုင်ငံက ၎င်းကျွန်းများကို ရသင့်သည်ဟု ဆိုကာ တောင်းဆိုထားသည်။ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားပြီးနောက် ထိုကျွန်းများကို တရားမဝင် သိမ်းယူထားသည်ဟု ဂျပန်အစိုးရ ဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို