တိုကျို  ဇန်နဝါရီ  ၇

ဂျပန်နိုင်ငံသည် ယခင် H3 ဒုံးပျံလွှတ်တင်မှု မအောင်မြင်ရခြင်း၏ အကြောင်းရင်းများကို  စုံစမ်းစစ်ဆေးနေဆဲဖြစ်သောကြောင့် လာမည့်ဖေဖော်ဝါရီ ၁ ရက်၌ စီစဉ်ထားသော အဆိုပါ H3 ဒုံးပျံ လွှတ်တင်မှုကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ထားကြောင်း ဇန်နဝါရီ  ၇  ရက်တွင်  ဂျပန်အာကာသအေဂျင်စီ (ဂျေအေအိတ်စ်အေ) က ပြောသည်။

ကိုးကြိမ်မြောက် H3 ဒုံးပျံလွှတ်တင်မည့်ရက်ကို သတ်မှတ်ထားရခြင်းမရှိသေးကြောင်း  ဂျေအေအိတ်စ်အေက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Michibiki No. 5  ဂြိုဟ်တုကို သတ်မှတ် ထားသော ပတ်လမ်းအတွင်းသို့ ပို့ဆောင်ရန် ဂျေအေအိတ်စ်အေ၏  ရှစ်ကြိမ်မြောက်  H3 ဒုံးပျံကို ဒီဇင်ဘာ ၂၂ ရက်တွင်  လွှတ်တင်ခဲ့သော်လည်း   အောင်မြင်မှုမရရှိခဲ့ပေ။

ဒုံးပျံလွှတ်တင်မှုမအောင်မြင်ရခြင်း၏အကြောင်းရင်းများကို   စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းနှင့်  ဒုံးပျံအသစ်လွှတ်တင်မည့်ရက်ကို အတည်ပြုပြီးပါက ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်း ဂျေအေအိတ်စ်အေက ပြောသည်။                                                                                                

ဆင်ဟွာ